ကျုံပျော် ၁၁ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော (ကျုံပျော်) ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ဒုတိယနေ့)ကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပွဲတော်ရှိ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းတွင် ဧရာဝတီတိုင်းအတွင်းမှပေါ်ထွက်လာသော သမ္မတဓါတ်ပုံများ၊ နိုင်ငံရေး၊ စာပေ၊ အနုပညာ ဂီတနယ်ပယ်အသီးသီးတွင် ကျော်ကြားသည့် ဧရာဝတီတိုင်းသားများ၏ ဓာတ်ပုံ များကို ချိတ်ဆွဲပြသထားရာ လာရောက်လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်သူဟန် ၊ နေဝင်းမြင့် (ပြန်/ဆက်)