နတ်တလင်း ၁၁ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် နတ်တလင်းမြို့စာပေချစ်သူများ ပူးပေါင်း ကျင်းပသော တတိယအကြိမ်မြောက် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့်စာအုပ်ဈေး ရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီက ရန်ကုန်- ပြည်လမ်းရှိ အခြေခံ ပညာအထက်တန်းကျောင်းရှေ့ မုခ်ဦးတွင် ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်အေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြူကြူလှိုင်၊ ကလေးစာပေပွဲတော်ဥက္ကဌဦးသန်းစိုး၊ အ-ထ-က ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို အထကကျောင်းရှေ့၌ ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်အေးက အဖွင့်အမှာစကားပြောကြားပြီး အ-ထ-က ကျောင်းမှ ကျောင်းသားကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေခဲ့ကြ ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ-ဝင်းမြင့်၊ တင်ဝင်းဇော်၊ တင့်ဆွေ၊ မျိုးကျော်ကြီး၊ အောင်သူ(ပြန်/ဆက်)