လွိုင်ကော် ၁၁ ဇန်နဝါရီ
(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည ၇ နာရီက လွိုင်ကော်မြို့၊ ကယားပြည်နယ်နေ့ပွဲတော်ကျင်းပရာ ကွင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကစင်မြင့်၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က တက်ရောက်အားပေးကြသည်။
ပြိုင်ပွဲ ပထမနေ့အနေဖြင့် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့ (၁၆) ဖွဲ့ တို့မှ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲများကို ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက် အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ဒေသခံတေးဂီတအဖွဲ့ တို့က ဆက်လက်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလေး