ရေစကြို  ၁၁ ဇန်နဝါရီ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ဗိုလ်ချုပ်ပုံပါပိုက်ဆံများ ထုတ်ဝေသုံးစွဲခြင်းကို ဂုဏ်ပြုသောအားဖြင့် လူသုံးကုန်ပစ္စည်းများကို ဗိုလ်ချုပ်ပုံပါပိုက်ဆံဖြင့် လာရောက်ဝယ်ယူပါက   ပစ္စည်းတန်ဖိုး၏ ထက်ဝက်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။

ထိုသို့ ရောင်းချပေးခြင်းကို  မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(ရေစကြို)တို့မှ ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက်နေ့ညများတွင်  ရေစကြိုမြို့ ရွှေတင့်တယ်ခန်းမရှေ့တွင် ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။

 

‌ေ

 

“ကျွန်တော်တို့ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ရေစကြို)ကနေပြီးတော့ အခုအသစ်ထွက်တဲ့ ဗိုလ်ချုပ်ပုံပါပိုက်ဆံတွေ ထုတ်ဝေသုံးစွဲတာကို ဂုဏ်ပြုတဲ့အနေနဲ့  လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ဘက်စုံသုံး ဆပ်ပြာဆီ၊ ဆပ်ပြာမှုန့်၊ ကျောင်းသုံးပစ္စည်းတွေဖြစ်တဲ့ ကွန်ပါဘူးတို့လို ပစ္စည်းတွေကို   ဗိုလ်ချုပ်ပုံပါပိုက်ဆံနဲ့လာရောက်ဝယ်ယူရင်    ရောင်းချတဲ့ပစ္စည်းတွေရဲ့    ပြင်ပပေါက်ဈေးရဲ့ တစ်ဝက်ဈေးနှုန်းနဲ့  ရောင်းချပေးနေတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ရေစကြို)မှ မြို့နယ်အတွင်းရေးမှူး ကိုကျော်သူသူ က ပြောသည်။

အဆိုပါပစ္စည်းများကို  ထက်ဝက်ဈေးဖြင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် ညနေ ၆ နာရီမှ ၈ နာရီထိ  ၂ ရက်တာ  ရောင်းချပေးလျက်ရှိပြီး  ဗိုလ်ချုပ်ပုံပါ ပိုက်ဆံဖြင့် လာရောက်ဝယ်ယူသူ များပြားလျက်ရှိသည်ဟု သိရသည်။

အိမွန်ဆွေ(ရေစကြို)