လဟယ် ၁၁ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်မြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂရိုးရာလက်မှု အထည်ဆိုင်မှ ရိုးရာအသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ေ

 

အိန္ဒိယနိ်ုင်ငံမှ ရိုးရာချည်နှင့် ပုတီးများကိုဝယ်ယူပြီး လဟယ်မြို့တွင်ယက်လုပ်ကာ ရိုးရာအသုံးအ   ဆောင်များဖြစ်သည့် ရိုးရာခြုံဆောင်၊ တဘက်(မာဖလာ)၊ လွယ်အိတ်၊ လည်ဆွဲပုတီး၊ တောဝက်အစွယ်ဖြင့် ပြုလုပ်ထားသည့် ပုတီး၊ ရိုးရာလုံချည်၊ ပုဆိုး၊ လက်ကောက်၊ ရိုးရာအင်္ကျီစသည့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို ရိုးရာပွဲအတွင်းနှင့် ရိုးရာပွဲအပြီးတွင်လည်း လဟယ်မြို့ တိုးချဲ့ ရပ်ကွက်(၂) တွင် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 

စနေမောင်(ခန္တီး)