နေပြည်တော် ၁၁ ဇန်နဝါရီ
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၏ အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၂၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အုန်းတောခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မိုးဝင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး စံပြဆုရရှိသူများနှင့် သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ်သည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၏ အရာထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၂၁၁)သို့ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဦးစီးအရာရှိအဆင့်ရှိ အရာထမ်းသင်တန်းသား (၇၁)ဦးနှင့် သင်တန်းသူ (၇၄)ဦးတို့က ရက်သတ္တပတ် ၁၂ ပတ်ကြာ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်