တောင်ငူ ၁၁ ဇန်နဝါရီ

 

တောင်ငူမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် သံတောင်လမ်းဒေါင့် ပန်းခြံကွေ့ရှိ မင်းကြီးညိုကြေးရုပ်ရှေ့တွင် ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီက တောင်ငူမြို့၏ ပထမဦးဆုံးဈေးဝယ်စင်တာ ICON Shopping Center Taungoo ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 

mdn

 

ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်း၊ ICON Shopping Center လုပ်ငန်းရှင် ဦးမျိုးဆွေနှင့် မိခင်ကြီးဒေါ်လှသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့် လုပ်ငန်းရှင် ဦးမျိုးဆွေတို့က ICON Shopping Center ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများက Shopping Center အတွင်း လှည့်ကြည့်ရှုကြသည်။

 

mdn

 

ထို့နောက် တောင်ငူမြို့ တော်ဝင်ကေတုမတီဟိုတယ်ရှိ ဘုရင့်နောင်ခန်းမတွင် အလှူငွေပေးအပ်ပွဲ ကျင်းပရာ တာဝန်ရှိသူများနှင့် ICON Shopping Center ၏ ဦးဆောင်သူ ဦးမျိုးဆွေတို့က ဖွင့်ပွဲအမှတ်တရစကား ပြောကြားကြပြီး တက်ရောက်လာသူများက တောင်ငူမြို့တွင်ရှိသည့် ပရဟိတအဖွဲ့ (၂၀)ဖွဲ့ကို ငွေကျပ် ၅ သိန်းစီနှင့် တောင်ငူမြို့အမှတ် (၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့အတွက် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

 

mdn

 

ICON Shopping Center သည် (၃)ထပ် အဆောက်အဦဖြစ်ပြီး စတိုးဆိုင်များ၊ စားသောက်ဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများအပြင် လူ ၃၀ဝ ဆံ့ ရုပ်ရှင်ရုံ ၂ ရုံနှင့် ကလေးကစားကွင်း ပါရှိကာ တောင်ငူတွင် ပထမဦးဆုံး အဆင့်မြင့်ဈေးဝယ်စင်တာ ဖြစ်သည့်အတွက် လာရောက်သူများကြောင်း တွေ့ရှိရသည်။

 

သူရ (တောင်ငူ)