ထီးချိုင့် ၁၃ ဇန်နဝါရီ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအဆင့်တိုးဖွင့်ပွဲ၊ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန့်နေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဇော်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဟန်နှင့် ဦးမြင့်မော်၊ခရိုင်ပညာရေးမှူး ဦးကျော်ဇံလင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးဘဝင်း၊မြို့နယ်ပညာရေးမှူး ဦးငြိမ်းဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်၊ ခရိုင်ပညာရေးမှူး ဦးကျော်ဇံလင်းတို့မှ ကျောင်းမုခ်ဦး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးဘဝင်တို့မှ အသီးသီး အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဇံလင်းနှင့် မြို့နယ်ပညာရေးမှူး ဦးငြိမ်းဝင်းတို့မှ ပညာရေးဆိုင်ရာ အချက်အလက်များနှင့် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများ၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း ( ပြန်ဆက်)