ထန်တလန်  ၁၃  ဇန်နဝါရီ

 

ချင်းပြည်နယ်အစိုးရအဖွဲ့မှ မီးဘေးသင့်ပြည်သူများထံ အလှူ‌ငွေနှင့် ထောက်ပံ့ပစ္စည်းများ‌ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲက အမှတ်(၁)ရပ်ကွက်ရှိ ဦးထန်ဟိန်း နေအိမ်၌ ပြုလုပ်သည်။

 

2

 

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က  အားပေးစကားပြောကြားပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသော မီးဘေးသင့်နေအိမ် ၃ လုံးအတွက် ငွေကျပ် ၉ သိန်း၊ သေဆုံးသူ ၂ ဦးအတွက် ငွေကျပ် ၆ သိန်း၊ ဒဏ်ရာရရှိသူ လူနာနှစ်ဦးအတွက် ငွေကျပ် ၂ သိန်း စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၇ သိန်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ် ၃ လုံးအတွက် ငွေကျပ် ၆ သိန်း၊‌ သေဆုံးသူ ၂ ဦးအတွက် ငွေကျပ် ၆ သိန်း၊ ဒဏ်ရာရရှိသူလူနာ ၂ ဦးအတွက် ငွေကျပ် ၁ သိန်း၊ မီးဘေးသင့်လူဦးရေ ၁၅ ဦးအတွက် ခုနစ်ရက်စာ ဆန်ရိက္ခာဖိုး ၃၁၅၀ဝ ကျပ် စုစုပေါင်း ၁၃၃၁၅၀ဝ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေ ကျပ်(၁၃)သိန်း၊ မီးဘေးသင့်ပြည်သူများအား စုစုပေါင်း ငွေကျပ် ၄၃၃၁၅၀ဝ ကျပ်ကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့သည်။

 

5

 

အခမ်းအနားသို့ ပြည်နယ်ဥပဒေချုပ်(နယ်မြေခံဝန်ကြီး) ဦးဆန်နီထန်ကျုံး၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကုမ္ဗဏီလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

8

 

ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက် (ကျောင်းရပ်ကွက်) တင်းနစ်ပတ်ကွင်း လမ်းတွင် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)