ဘားအံ  ၁၃  ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွား ၃၅၉ ဦးအား ယမန်နေ့ နံနက် ၈ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ထောက်ပံငွေ စုစုပေါင်း ငွေကျပ် ၁၀၇၇၀ဝ၀ဝ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

5

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဘိုးအဘွား တစ်ဦးလျှင် တစ်လထောက်ပံ့ငွေ ကျပ်တစ်သောင်းနှုန်းဖြင့် ၃၅၉ ဦးအား (၃)လစာ ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၁၀၇၇၀ဝ၀ဝ အား မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။

 

2

 

အဆိုပါ ထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ မြန်မာနိုင်ငံ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်၊ လူမှုကာကွယ် စောင့်ရှောက်ရေး ဦးစားပေးလုပ်ငန်းစဉ်(၈)ရပ်ထဲမှ အစီအစဉ် တစ်ရပ်အနေဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

3

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

58