ခန္တီး ၁၃ ဇနန်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ သီတဂူစက္ခုအလင်းတန်း မျက်စိအထူးကုဆေးရုံ ပန္နက်တော်တင် မဟာ မင်္ဂလာအခမ်းအနားကို ဇနန်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန် ခန္တီးမြို့ အင်တွဲလမ်းနှင့် ချင်းတွင်းတံတား ချဉ်းကပ်လမ်းဆုံ ဗိုလ်ချူပ်ကြေးရုပ်အနီးရှိ သီတကူစက္ခု အလင်းတန်း မျက်စိအထူးကုဆေး မြေနေရာတွင် ကျင်းပပြုလုပ်သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း အမှတ်(၃)လခရ ရဲကွက်ကဲမှုအဖွဲ့ အဖွဲ့မှူး ရဲမှူးချုပ်မြဝင်း စစ်ဗျူဟာအခြေချ(ခန္တီး) ဗိုလ်မှူးကြီးမင်းမင်းဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်နှင့် ကျောက်မျက်ကုမ္ပဏီအလှူရှင်များက ပန္နက်တော်ရိုက်ပြီး အမွေးနံ့သာရေများပက်ဖျန်းကာ ရွှေမိုး ငွေမိုးများ သွန်းဖြိုးပေးခဲ့သည်။
အဆိုပါ သီတဂူစက္ခု အလင်းတန်း မျက်စိအထူးကုဆေးရုံကို ခန္တီးရတနာမြေဒေသရှိ ခိုင်နန်းရွှေကျောက်မျက်ကုမ္ပဏီ ဇဗ္မူသိရိကျောက်မျက်ကုမ္ပဏီ ထက်ရည်လင်းကျောက်မျက်ကုမ္ပဏီ မြောက်ကျွန်းသူမမ ကုမ္ပဏီများမှ ဆောက်လုပ်လှူဒါန်းပြီး ရတနာစိမ်းဂေဟာကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ချန်လော (ခန္တီး)