ရန်ကုန် ၁၃ ဇန်နဝါရီ
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့အတွက် ငွေပဒေသာပင်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ မိုးကုတ်ဆွမ်းစားကျောင်းဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ပန်းပုကွင်း ကျေးရွာနဂါးရစ်တောင် ဓမ္မပါလတောရကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဝိသုဒ္ဓက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ သြဝါဒကထာမြွက်ကြားရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ပရိသတ်တို့က နာယူကြသည်။
ထို့နောက် နဂါးရစ်တောင်ဓမ္မပါလတောရကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးကိုယ်စား တပည့်ဒါယကာ ဦးဝင်းနိုင်က နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့အတွက် ငွေပဒေသာပင် အလှူတော်ငွေ ကျပ်သိန်း (၁၅၀)ကိုပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးကြည်မင်းက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည် လျှောက်ထားသည်။
သတင်းစဉ်