ဝမ်းတွင်း ၁၄ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကား ဝိုင်း(Public Talk )ကို ယမန်နေ့ မွန်းလွဲပိုင်းက လေးမျက်နှာကျေးရွာ ဓာတ်တော်ဘုရား ဝန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်က ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေ သည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူးဦးမြင့်ဇော်က မြို့နယ်အတွင်း ပြည်သူ့ စကားဝိုင်းများကို မိမိတို့ဌာနနှင့် မြို့ပေါ်ရှိဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်နှင့် ကျေးလက် ဒေသများတွင် ဆောင်ရွက်ပေးလျှက်ရှိကြောင်းနှင့် ပြည်သူစကားဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာကြသော ပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ပြည်သူများ၏ တင်ပြချက်များကို ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးစိုးမင်းထက်နှင့် ဦးအောင်သူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ လေးမျက်နာ၊ ကန်အောင်၊အောင်သာ၊ ဗဒင်း၊တဲစုကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)