ရန်ကုန် ၁၅  ဇန်နဝါရီ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် စည်းကမ်းဥပဒေများနှင့်မညီသော ဈေးဆိုင်များအား စည်ပင်သာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၄ ရက် ညနေ ၄ နာရီက ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

 

6

 

ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ ဝင်များ၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ သန်လျင်မြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုး၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ခင်မောင်လင်း၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ကြက်ခြေနီတပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သန်လျင်မြို့မဈေးအပြင်ဘက်တွင် ရောင်းချနေသော ဈေးဆိုင်များနှင့် စည်းကမ်းဥပဒေများနှင့်အညီ သတ်မှတ်နေရာများတွင် မရောင်းချသော ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးကာ စည်ကမ်းဥပဒေများ အညီ ရောင်းချရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မရောင်းချပါက စည်ကမ်းဥပဒေများ အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့မဈေးအတွင်း ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

8

 

သက်ခိုင် (သန်လျင်)

 

8520