စလင်း ၁၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စည်သူခန်းမ၌ ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ (စလင်း မြို့နယ်အသင်းခွဲ)သို့ အလှူငွေ ငါးသိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

အလှူငွေ ပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက အလှူငွေကို မြို့နယ်ကြက်ခြေနီ အသင်းခွဲအနေနဲ့ မြို့နယ်လူမှုရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီ အသင်းခွဲ၏ လုပ်ငန်းများဖြစ်သည့် အောက်စီဂျင်၊ သောက်ရေသန့် အခမဲ့လှူဒါန်းခြင်းများနှင့် အသင်း၏လုပ်ငန်းကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် လှူဒါန်းခြင်းဖြစ်ကြောင်း ပြောကြားပြီး အလှူငွေများကိုပေးအပ်ရာ မြို့နယ်ကြက်ခြေနီ အသင်းခွဲကိုယ်စား မြို့နယ်ကြက်ခြေနီ အသင်းခွဲတပ်ဖွဲ့မှူး ဦးတင်အောင်မိုးက လက်ခံရယူကာ မြို့နယ်ကြက်ခြေနီအသင်းခွဲ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပေးအပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်ကြည်၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးဝင်းဗိုလ်၊ မြို့နယ် NlD ရုံးအဖွဲ့နှင့် မြို့နယ်ကြက် ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
မောင်လွင်(ပြန်/ဆက်)