နေပြည်တော် ၁၅ ဇန်နဝါရီ
အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော အားကစားနည်းပြ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Multipurpose Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား(၂)ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ၂၀၂၀ ပြည်နှစ် ဇန်နဝါရီ ၁၅ ရက်နေ့ထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့သည်။ ယခုဖွင့်လှစ်သည့်သင်တန်းသည် တတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့်သင်တန်းတွင် နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် နည်းပြကောင်းများ ပေါ်ထွက်လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

အားကစားနည်းပြမွမ်းမံ(၁)လသင်တန်းကို (၁)နှစ်တွင် (၃)ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီးသင်တန်းမှ ထူးချွန်သူများကို နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ပြီး ပညာသင်ကြားခွင့် အခွင့်အလမ်းကောင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းလည်း သိရသည်။
လင်းနိုင်