ဂန့်ဂေါ  ၁၅   ဇန်နဝါရီ

 

ဂန့်ဂေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ တိရစ္ဆာန်များ ကာကွယ်ဆေးထိုး သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၂ နာရီတွင် ဂန့်ဂေါခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၌ပြုလုပ်ရာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဌေးလွင်က အမှာစကား ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။

 

5

 

သင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား ၂၀ တို့ တက်ရောက်ကြပြီး သင်တန်း ကာလမှာ ၅ ရက်ဖြစ်သည်။

 

အဆိုပါသင်တန်းတွင် ပေါင်ပုပ်လက်ပုပ်ကာကွယ်ဆေးများ၊ ကြက်ရောဂါကာကွယ်ဆေးများ၊ လည်ချောင်းကွဲ ကာကွယ်ဆေး၊ ဒေါင့်သန်းကာကွယ်ဆေး၊ ခွာနာလျှာနာကာကွယ်ဆေး၊ ကူးစက်ရောဂါ ထိန်းချုပ်ခြင်း၊ ကျွဲနွားထိန်းချုပ်ခြင်း၊ ခန္ဓာကိုယ်ခုခံအားစနစ်နှင့်ကာကွယ်ဆေး၊ ဝက်ရောဂါ ကာကွယ်ဆေး၊ ကာကွယ်ဆေးနှင့် ပြည်သူ့ကျန်းမာရေး၊ စာရင်းဝင် ကူးစက်ရောဂါများ အကြောင်းတို့ကို စာတွေ့လက်တွေ့ ပို့ချဆွေနွေးသွားမည်ဟု သိရသည်။

 

(၁၄၄)