ဝန်းသို  ၁၅  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှုး ဦးကျော်နှင့်အဖွဲ့သည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ဝန်းသိုမြို့နယ် ချမ်းမြသီတာကျေးရွာနှင့် ကျုတောကျေးရွာများသို့ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

4

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာ ချမ်းမြသီတာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

3

 

"မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ဝါးနှီးဖြင့် ခြင်း တောင်းယက်လုပ်ငန်းကို  အိမ်တိုင်းနီးပါး ရက်လုပ်ကြပါတယ်၊ ပထမဦးဆုံး ဝါးကို လက်မဝက်ခန့် စိတ်ပြီး နှီးတင်းကြောများရရှိအောင် ဆောင်ရွက်ရပါတယ်၊ ဝါးလုံးသုံးလုံးကို ခြင်းတောင်းနှစ်လုံးရရှိပြီး တစ်ရက်ကို ခြင်းတောင်း ၁၀ လုံးမှ အလုံး ၂၀ ထိ ရက်လုပ်နိုင်တဲ့အတွက် တစ်ရက်ဝင်ငွေကျပ် ၇၀ဝ၀ မှ ၁၅၀ဝ၀ ထိ မိသားစု နေ့စဉ်ဝင်ငွေရရှိပါတယ်"ဟု  မြစိမ်းရောင် ကျေးရာစီမံကိန်းအသင်းဝင် ခြင်းတောင်းယက် လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

ယင်းနောက် တာဝန်ရှိသူများသည် ကျုတောကျေးရွာ ရေရရှိရေးလုပ်ငန်းဖြစ်သည့် စက်ရေတွင်းမှ ရွာတွင်းလိုင်းများ ရေပေးဝေထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုကြပြီး ရေပေးဝေရာတွင် ရေမီတာစနစ်ကို ဆောင်ရွက်နိုင်ရေး ခရိုင်ကျေးလက်ဦးစီးမှုးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)