နေပြည်တော် ၁၅ ဇန်နဝါရီ
အမျိုးသမီးစောင့်ရှောက်ရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းထောက်ပံ့ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ဝန်ဆောင်မှုတို့ကို ရှင်းလင်းတင်ပြကြပြီး ရေရှည်တည်တံ့နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အရေးကြီးသော အထောက်အထား အခြေပြုသတင်းအချက်အလက်များရရှိနိုင်ရန် ဆန်းစစ်လေ့လာခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် စမ်းသပ်စီမံကိန်းများဆောင်ရွက်နိုင်ရေး၊ ဦးတည်အုပ်စုများ ရွေးချယ်သတ်မှတ်နိုင်ရေး၊ ထောက်ပံ့ပေးသင့်သည့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ၊ မသန်စွမ်းအမျိုးသမီးနှင့် တိုက်ပွဲရှောင်စခန်းများရှိ အမျိုးသမီးများအတွက် ထည့်သွင်းစဉ်းစားရေးတို့ကို ဆွေးနွေးညှိနှိုင်းကြသည်။
သန့်ဇော်