နေပြည်တော် ၁၅ ဇန်နဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ကယားပြည်နယ်အတွင်းရှိ ခရီးစဉ်ဖွံ့ဖြိုးရေးဆိုင်ရာများကို ရှာဖွေဖော်ထုတ်နိုင်ရန်နှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသများအား ယမန်နေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာအနီးရှိ ကြတ်ဂူ၌ ခရီးသွားလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများ၊ ဗုဒ္ဓဥယျာဉ်တွင် စတုတ္ထအကြိမ်မြောက် မြန်မာ - ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ် ချယ်ရီပန်းပင်စိုက်ပျိုးမည့် မြေနေရာပြင်ဆင်ထားရှိမှုနှင့် ထီးစဲ့ခါးရေတံခွန်ရှိ ခရီးစဉ်နေရာ ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ခရီးစဉ်ဒေသ အဆင့်မြှင့်တင်နိုင်ရေး ကိစ္စရပ်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးမော်မော်၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ခရီးစဉ်ဒေသအသစ် ဖော်ဆောင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့သည်။
သတင်းစဉ်


