ကမ္ဘာ့အရှည်ဆုံးကိတ်ကို အိန္ဒိယနိုင်ငံက ကိတ်မုန့်ဖုတ်သမားတွေပြုလုပ်

၁၆ ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကာရာလာပြည်နယ်က ထရီရှာမြို့မှာ ကိတ်ဖုတ်သမား ၁၅၀ဝ နီးပါးက စုစည်းပြီး ကမ္ဘာ့အရှည်ဆုံး ကိတ်မုန့်တစ်ခုကို မနေ့က ဖုတ်ခဲ့ပါတယ်။ အဲဒီကိတ်မုန့် ဟာ ၆.၅ ကီလိုမီတာ (၄ မိုင်) ရှည်ပြီး နို့သစ်ခွ (ဗင်နီလာ) အရသာရှိပြီး ကိတ်မုန့်ဟာ လေးလက်မ ထူသလို လေးလက်မ အကျယ်ရှိတာကို တွေ့ရပါတယ်။ ကိတ်မုန့် တစ်ခုလုံးရဲ့ အလေးချိန်ဟာ ၂၇,ဝ၀ဝ ကီလိုဂရမ် ရှိပါတယ်။

 

ကမ္ဘာ့အရှည်ဆုံးကိတ်မုန့်ဖုတ်ရန် သကြားနဲ့ ဂျုံမှုန့် ၁၂,ဝ၀ဝ ကီလိုဂရမ်ကို အသုံးပြုပြီး ကိတ်ဖုတ်သမား ၁၅၀ဝ က အချိန် လေးနာရီနီးပါး ကြာအောင် ဖုတ်ခဲ့ရတာကို တွေ့ရပါတယ်။

 

ကာရာလာကိတ်ဖုတ်သမားများအဖွဲ့ (BAKE) က ဦးစီးကျင်းပတာဖြစ်ပြီး လာရောက်ကြည့်သူ အမြောက်အမြား ရှေ့မှာ ပြုတာဖြစ်ပါတယ်။ (BAKE) ရဲ့ အတွင်းရေးမှူးက ကိတ်ရဲ့ အရှည်ဟာ ဂရင်းနစ်စံချိန်ဝင်နိုင်ပေမယ့် ကြာချိန်ပေါ်မှာ ဆုံးဖြတ်ဖို့ ရှိနေသေးကြောင်း ပြောပါတယ်။

 

၂၀၁၈ ခုနှစ်တွင် တရုတ်ကိတ်ဖုတ်သမားတွေက ၃.၂ ကီလိုမီတာအရှည်ရှိ သစ်သီးကိတ် နဲ့ ဂရင်းနစ်စံချိန် တင်ထားပါတယ်။

 

ကမ္ဘာ့အရှည်ဆုံးကိတ်ဖုတ်ရာတွင် ပါဝင်သူ နူရှားက သူတို့အိန္ဒိယနိုင်ငံသားတွေရဲ့ အရည်အချင်းဟာ ထိပ်တန်းမှာ ရှိတယ်။ ကိတ်ဟာ အရသာရှိပြီး ကျန်းမာရေးနဲ့အညီ ဖုတ်ထားပါတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။

MDN

ကိုးကား - AFP