ရန်ကုန် ၁၇ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက် အသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က(၂)ကျောင်း တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ အ.ထ.က(၂) ကျောင်းရှိ တာဝန်ခံဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်သန်းသန်းအေးက “စာကြည့်တိုက်အသိပညာပေး ဟောပြောခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ပညာကြိုးစားကြရန်၊ အပေါင်းအသင်းမမှားစေရေး၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ရှင်းလင်းဆွေးနွေးပြီး Unicef (မြန်မာ)က လှူဒါန်းသော ကလေးစာပေ တိုင်းရင်းသားရိုးရာ ပုံပြင်၊ရုပ်ပြ စာအုပ်(၁၀ဝ)အား ကျောင်းသား၊ ကျောင်းသူ (၁၀ဝ)အား ဖတ်ရှုစေပြီး၊မိမိတို့၏ စဉ်းစားတွေးခေါ်နိုင်မှုများအား ပြန်လည်ရေးသားကြရာ စဉ်းစားတွေးခေါ်မှု အကောင်းဆုံး ကျောင်းသား၊ကျောင်းသူ (၇)ဉီးတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မင်းဟန်(ပြန်/ဆက်)