ဆီဆိုင် ၁၇   ဇန်နဝါရီ 

 

၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းအချက်အလက်များ မရရှိမီ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမူစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်နှင့်  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(Myanmar Sustainable Development Plan-MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော ညွှန်းကိန်းများ ရရှိနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်ခေါင်စာရင်းကို ကောက်ယူ ဆောင်ရွက်လျှက်ရှိရာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီက မြို့နယ်ကြားဖြတ်သန်းခေါင် စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် မြို့နယ်သန်းခေါင် စာရင်းကော်မတီဝင်များက မင်္ဂလာရပ်ကွက်ရှိ အိမ်ထောင်စုများအား သန်းခေါင်စာရင်း ကောက်ယူနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

           

 

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇)အုပ်စုအတွင်းရှိ ကောက်ကွက် (၉)ကွက်၌ အိမ်ထောင်စုပေါင်း(၃၁၅)စု၊ လူဦးရေခန့်မှန်းတစ်ထောင်ကျော်ခန့်ကို စာရင်းစစ်(၁)ဦး၊ စာရင်းကောက်(၄)ဦးတို့ဖြင့် ကောက်ယူဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။       

 

 

ခွန်ရဲထွေး(ဆီဆိုင်)