အင်းတော်  ၁၇ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ အင်းတော်မြို့တွင် စာပေမွှေ့ပျော်၊ ကလေးတို့ပွဲတော်ဖြစ်သော "ကလေးစာပေ" ပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲ အချိန်တွင် အင်းတော်မြို့အထက ကျောင်းဝင်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

8

 

အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးသန်းညွန့်၊ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာဒေါ်ပြုံး၊ ကသာခရိုင်စီ/ခန့် ဥက္ကဋ္ဌဦးတင့်ဝေသုန်၊ အင်းတော်မြို့နယ်စီ/ခန့် ဥက္ကဋ္ဌဦးသိန်းတန်၊ ပြည်သူ့ရင်သွေး စာပေနှင့်စာကြည့်တိုက် အနုပညာဖောင်ဒေရှင်း ဥက္ကဋ္ဌဒေါ်ဇူးဇူးလှိုင်၊ အင်းတော်မြို့နယ် အထက်တန်းကျောင်းအုပ်ကြီး ဒေါ်ခင်စမ်းဝင်းနွဲ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းနေ့ နေ့လည်ပိုင်းအချိန်တွင် ဆရာမစန်းစန်းနွဲ့(သာယာဝတီ)၊ ဆရာကိုရွှေအောင်သင်း၊ ဆရာဇင်ယော်နီတို့မှ အထကရှိ ရွှေရတုခမ်းမတွင် စာပေဟောပြောပွဲများပြုလုပ်ခဲ့ပြီး ကာတွန်း ဆရာများဖြစ်ကြသော ကာတွန်းမောင်မောင်၊ ကာတွန်းသစ်ထွဏ်း၊ ကာတွန်းရွှေမင်းသား၊ ကာတွန်း၊ ဇော်ဝိတ်၊ ကာတွန်းဇော်ကာတို့ကလည်း ပွဲတော်အတွင်း လာရောက်ကြသော ကျောင်းသူ/ ကျောင်းသားများ၊ ဧည့်ပရိသတ်များအား အမှတ်တရပုံများကိုဆွဲပေးခြင်း၊ ပုံဆွဲပညာ ပြောကြားပေးခြင်းများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

 

5

 

အဆိုပါပွဲတော်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊အရုပ်ခေါက်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများအပြင်ကျောင်းသူ၊ ကျောင်းသားများ၏ အက၊ အလှများလည်း ပါဝင်ခဲ့ပြီး ရန်ကုန်မြို့မှ စာအုပ်အရောင်းဆိုင်(၁၄)ဆိုင်မှလည်း ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာရေးအထောက်အကူပြု စာအုပ်များ၊ ဗဟုသုတဖြစ်ဖွယ် စာအုပ်စာပေများကို ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ပြီးအရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပွဲတော်ကို ပြည်သူ့ရင်သွေးစာပေနှင့် စာကြည့်တိုက် အနုပညာဖောင်ဒေးရှင်းမှ ဦးစီး၍ အင်းတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဌာန၊မြို့နယ်ပညာရေးဋ္ဌာန နှင့်မြို့နယ်ပြန်/ဆက် ဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ပွဲတော်ကာလကို ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ (၃)ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လူအောင်(ကသာ)