ကသာ ၁၇ ဇန်နဝါရီ     

 

ပွင့်လင်းရာသီသို့ ကူး​ပြောင်း လာသဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ကသာမြို့နယ် မီးသတ်ဦးစီးဌာနမှှ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ (၆) နာရီအချိန်က ကသာမြို့အတွင်း လှည့်လည်ဆော်သြခဲ့သည်။

 

အဆိုပါ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကသာမြို့ပေါ်ရှိ ရပ်ကွက် (၁၀) ရပ်ကွက်အတွင်း မီးဖိုမီးအသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များ၊ လျှပ်စစ်မီးသုံးစွဲလျှင် လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ အသုံးပြုနည်းများ၊ ဓာတ်ဆီ ဖြည့်/လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များ၊ အမှိုက်များ မီးရှို့ခြင်းမပြုကြရန်နှင့် အဆိုပါအကြံပြုချက်များအား လိုက်နာမှု မရှိပါက မီးသတ်တပ်ဖွဲ့နည်းဉပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟန်မျိုးကျော် (ကသာ)