ကျိူက်မရော ၁၇  ဇန်နဝါ ရီ      

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်တွင် ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ခရီးသွားလာမှု ပိုမိုလွယ်ကူစေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်းများကို မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဉီးစီးဌာနမှ တာဝန်ယူ၍ ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

963

 

ထိုသို့ဖောက်လုပ်ရာတွင် ပေါလော-ကြံတောလမ်းကတ္တရာ ခင်းခြင်းလုက်ငန်း ၁ မိုင် ၄ ဖာလုံအား ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေ (၂၃၃ ဒသမ  ၈)သန်း အကုန်ကျခံကာ လာမည့်မတ်လကုန်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကတ္တရာ လမ်းများ ဖောက်လုပ်ပြီးပါက ပေါလော-ကြံခင်းကျေးရွာများမှ အိမ်ထောင်စုပေါင်း လေးရာကျော်နှင့် လူဉီးရေ ၁၅၀ဝ ကျော်အား ပညာရေးစီးပွားရေး လှုမူရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်အခက်အခဲများကို များစွာအကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့်မြို့များကို နာရီပိုင်းအတွင်း ကူးသန်းသွားလာဆက်သွယ်နိုင်တော့မည်ဖြစ်ကြောင်း ပေါလောကျေးရွာမှဒေသခံတစ်ဉီးက ပြောသည်။

 

ချိုမြတ်မြတ်ထွေး  (ကျိုက်မရော)