ရန်ကုန် ၁၇  ဇန်နဝါရီ           

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (အင်းစိန်)နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊စာပေမှ ဗဟုသုတများစွာ ရရှိစေရန်နှင့် စာဖတ်ဝါသ နာပါသူများ စာအုပ်များကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ၊ရသစာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ငှားရမ်းခဲ့သည်။

 

ငှားရမ်းရာတွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အ.ထ.က(၁)၊ အ.လ.က(၃) ကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သွားရောက်၍ သုတ၊ရသ စသည့် စာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့ပြီး အသင်းဝင်အသစ်များအား ကတ်များ ပြုလုပ်ပေးခဲ့ရာ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာ၊ကျောင်း၊ဌာနဆိုင်ရာများသို့ နှစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် တစ်ဦးလျှင်(၂)အုပ်နှုန်း အခမဲ့ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)