၁၈ ဇန်နဝါရီ

 

မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီအသင်း၏ မြန်မာ ယူ-၂၂ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန်သည် တစ်လ လစာငွေ ဘတ်တစ်သိန်းဖြင့် ထိုင်းလိဂ်-၁ ကလပ် Trat အသင်းသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။

 

အောင်ကောင်းမာန်သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရခဲ့သည့် မြန်မာ ယူ-၂၂ အသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်တွင် ထိုင်းကလပ် Trat အသင်းနှင့် နောက်ဆုံးအဆင့်ဆွေးနွေးကာ တစ်ရာသီအငှားစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

 

ဧရာဝတီအသင်းသည် အောင်ကောင်းမာန်၏ အငှားပြောင်းရွှေ့ကြေးအဖြစ် ဘတ်သုံးသိန်းရရှိမည်ဖြစ်ပြီး အောင်ကောင်းမာန်မှာမူ လစာအပြင် အိမ်ငှားရန်နှင့် ကားငှားရန်အတွက်ပါ ဘတ်ငါးထောင်စီ စုစုပေါင်း ဘတ် ၁၀ဝ၀ဝ ရရှိမည်ဖြစ်သည်။ အောင်ကောင်းမာန်သည် လက်ကျိုးဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်း၏ အဓိက ကစားသမားဖြစ်လာသလို ငါးဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ အောင်ကောင်းမာန်သည် ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက ပြည်ပကလပ်အသင်းများတွင် ကစားရန်ကြိုးပမ်းခဲ့သော်လည်း Trat အသင်းနှင့်မှ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-Trat FC