ရန်ကုန် ၁၈ ဇန်နဝါရီ

 

ရန်ကုန်မြို့တော်ဝန်ဆု တတိယအကြိမ် ပြည်သူ့နီတိ အသိပညာပေးစာမေးပွဲ(ဗဟိုအဆင့်) ရေးဖြေပြိုင်ပွဲကို ရန်ကုန်မြို့ လသာမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

ယနေ့ကျင်းပသော (ဗဟိုအဆင့်) ရေးဖြေပြိုင်ပွဲသို့ မြို့နယ်အဆင့် ပြည်သူ့နီတိ အသိပညာပေးစာမေးပွဲများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၃၈၇ ဦးအနက် ၃၇၇ ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ အဆိုပါကျောင်းသားကျောင်းသူများမှ အရည်အချင်းပြည့်မီသော ကျောင်းသားကျောင်းသူများသည် ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပမည့် (ဗဟိုအဆင့်) လူတွေ့ နှုတ်ဖြေပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

6

 

ဆုများကို (ဗဟိုအဆင့်) ရေးဖြေနှင့် နှုတ်ဖြေပြိုင်ပွဲများမှ ရရှိသော ရမှတ်များအပေါ်မူတည်၍ အတန်းတစ်တန်းလျှင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ၁၀ ဆုစီ ရွေးချယ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြိုနယ်အဆင့်တွင် အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများကိုလည်း ဆုများချီးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း