ကောလင်း  ၁၉  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။ 

 

3456

 

အခမ်းအနားတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိမ်နန်းမေက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရခြင်း၏ ရည်မှန်းချက်များ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရာတွင် အဓိက ထည့်သွင်းရေးဆွဲရမည့် အချက်များ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရခြင်း၏ အစီရင်ခံစာ၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရာတွင် ပါဝင်ရမည့်အပိုင်းများကို ရှင်းလင်းပြောကြားသည်။ 

 

4919

 

ထို့နောက် တက်ရောက်လာသူများအား အဖွဲ့ (၅)ဖွဲ့ခွဲ၍ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရာတွင်  ကြိုက်နှစ်သက်သည့် အချက်(၃)ချက်နှင့် မကြိုက်နှစ်သက်သည့် အချက်(၃)ချက်တို့အား ကောလင်းမြို့ပြ မြေပုံ၌ အဝါ၊ အနီများသတ်မှတ်ပြီး အဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် ရှင်းပြပြီး မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။  

ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ပြန်/ဆက်)