ကန်ပက်လက် ၁၉ ဇန်နဝါရီ
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် မောချောင်းကျေးရွာ၌ စိုက်ပျိုးဧက ၈၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

“ကန်ပက်လက်မြို့နယ်ဟာ တောင်ပေါ်ဒေသဖြစ်တာကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲ့ကြောင်း၊ မောချောင်းကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၃၀ အိမ်၊ လူဦးရေ ၂၃၀ ဦးတို့၏ လယ်ယာထုတ်ကုန် ဧက ၈၀ ကျော် အကျိုးပြုမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများဖြစ်သော ဝဥ၊ ထောပတ်၊ ငှက်ပျော၊ သံပုရာတို့ကို စျေးကွက်သို့ အချိန်မီ လွယ်ကူလျင်မြန်စွာ ပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း” ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ်က ပြောသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၄၅ ဒသမ ၆ သန်းဖြင့် မြေသားလမ်း ဖောက်လုပ်ခင်းခြင်း၊ လမ်းအရှည် ၃ မိုင်၊ လမ်းအကျယ် ၁၂ ပေ ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် အရည် ၁၆ ပေရှိ ရေပြွန်(၃)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်