ဟားခါး  ၁၉  ဇန်နဝါရီ

 

ချင်းပြည်နယ် ဟာခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်၊ ပြည်တော်သာ မြို့မစျေး အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့ နံနက် နာရီက အဆိုပါ အဆောက်အဦသစ်ရှေ့၌ ကျင်းပသည်။

 

အခမ်းအနားတွင် ချင်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်း၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ သိက္ခာတော်ရဆရာတော် ဒေါက်တာစတီဗင်လျန်ဟုပ်လိန်း၊ မြို့မိမြို့ဖ ဦးငွန်ဆန်းအောင်တို့က ပြည်တော်သာမြို့မစျေး အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြည်တော်သာမြို့မစျေး အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်ပေးပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့မစျေး အဆောက်အဦသစ်အတွင်း ရောင်းချလျက်ရှိသည့် စျေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး စျေးသည်၊ စျေးဝယ်များအား ရင်းရင်းနှီးနှီး မိတ်ဆက်စကား ပြောကြားခဲ့သည်။

 

အဆိုပါ ပြည်တော်သာမြို့မစျေး RC()ထပ် အဆောက်အဦကို နိုင်ငံတော်၏ ထောက်ပံ့ငွေကျပ်သန်း ၆၀၀၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၁၅ ဒသမ ၄၆ သန်း၊ မူလဆိုင်ခန်းပိုင်ရှင်များနှင့် ဆိုင်ခန်းများ ရောင်းချခြင်းမှ ရရှိငွေကျပ်သန်း ၆၇၀ စုစုပေါင်း ငွေကျပ် ၁၄၈၅ ဒသမ ၄၃၆ သန်းဖြင့် အဆောက်အဦ အထူးအဖွဲ့()မှ တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။

 

ကျော်စွာ(ပြန်/ဆက်)