ထီးချိုင့်  ၁၉  ဇန်နဝါရီ

 

မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးထူးဇော်အောင်၊ မြို့နယ် လျှပ်စစ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောမိုးသောင်းထွန်း၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးချမ်းမြေ့နိုင်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက မြို့မဈေးအတွင်းရှိ မီးသတ်ရေကန် စစ်ဆေးခြင်း၊   မီးသတ်ဆေးဘူး အသုံးပြုပုံအား လက်တွေ့ပြသခြင်း၊ လျှပ်စစ်မီးအသုံးပြုမှုအား စစ်ဆေးခြင်း၊
မီးလောင်မှုဖြစ်ပေါ်လာပါက အသုံးပြုရန် နည်းလမ်းများ အသိပညာပေးခြင်း၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရဲလင်းထွန်း (ပြန်/ဆက်)