နေပြည်တော်  ၁၉   ဇန်နဝါရီ 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာ အကြံပေး ဦးသီဟန်မျိုးညွန့်နှင့် ဦးကျော်တင်၊ Moderator အဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်) တို့ ပါဝင်ဆွေးနွေးထားကြသည့် “ICJ နှင့် မြန်မာနိုင်ငံ”  စကားဝိုင်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် မြန်မာ့ရုပ်မြင်သံကြားမှ ည ၈ နာရီ မိုးလေဝသ အစီအစဉ်အပြီးနှင့် မြန်မာ့အသံရေဒီယိုမှ ည ၈ နာရီ သတင်းအပြီးတို့တွင် ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)