ရန်ကုန် ၁၉ ဇန်နဝါရီ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပသော တတိယအကြိမ် မြို့တော်ဝန်ဆု ပြည်သူ့နီတိ အသိပညာပေး စာမေးပွဲဗဟိုအဆင့် (ရေးဖြေ) ပြိုင်ပွဲကို ဇန်နဝါရီ ၁၈ ရက်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လသာမြို့နယ်၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၃ မြို့နယ်မှ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများ ၃၇၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါပြိုင်ပွဲမှ အမှတ်အများဆုံးရရှိသူများ၏ စာရင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အင်တာနက်စာမျက်နှာ www.ycdc.gov.mm ရှိ မြို့တော်သတင်းစဉ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် တယ်လီဖုန်းအမှတ် ဝ၁ - ၃၇၃၅၁၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။
(သတင်းစဉ်)