မုံရွာ  ၂၀   ဇန်နဝါရီ 

၂၀၁၉ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြည်တွင်းခရီးသွားဧည့်သည် ၁၉၃၇၄၅ ဦးနှင့် ပြည်ပခရီးသွားဧည့်သည် ၂၈၆၇၂ ဦး စုစုပေါင်း ခရီးသွားဧည့်သည် ၂၂၂၄၁၇ ဦး ဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

“တိုင်းဒေသကြီးအတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်းအနေနဲ့ ဇလုံတောင်ဒေသ၊ နွယ်ငြိမ်းဒေသနဲ့ အင်ဒေါင်းဒေသတို့မှာ ဖော်ဆောင်လျက်ရှိပါတယ်”ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးအောင်သူဦးက ပြောသည်။ 

၂၀၁၉ ခုနှစ်အတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းဖြစ်သည့် ဇလုံတောင်ဒေသကို ပြည်တွင်းခရီးသွားဧည့်သည် ၈၅၂ ဉီး၊ နွယ်ငြိမ်းဒေသကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၇၂၇ ဦးနှင့် အင်ဒေါင်းဒေသတွင်  ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁၂၄၉ ဦး ဝင်ရောက်ခဲ့၍ မင်းကွန်းဒေသသို့ ပြည်ပခရီးသွားဧည့်သည်  ၁၆၁၀၃၁  ဉီး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

‌ေ

 

တိုင်းဒေသကြီးအတွင်း ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုအနေဖြင့်  ၂၀၁၆ ခုနှစ်တွင်  ၁၃၂၈၉၃ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၁၆၂၂၅၇ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၁၉၆၉၂၉ ဉီး ဝင်ရောက်ခဲ့ ကြောင်း ဒုတိယညွန်ကြားရေးမှူး ဦးအောင်သူဦးက ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပခရီးသွားများ တိုးတက်လာသည်နှင့်အမျှ တည်းခိုနေထိုင်ရေး အဆင်ပြေစေရန်အတွက် ၂၀၁၉ ခုနှစ်တွင် ဟိုတယ်၊ တည်းခိုရိပ်သာ ၅၁ လုံးနှင့် အခန်းပေါင်း ၁၇၇၇ ခန်းကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအတွက် သင်တန်းသား၊ သင်တန်းသူ ၅၉၇ ဦးနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွန်အတွက် သင်တန်းသား၊ သင်တန်းသူ ၂၃၂ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ 

မွှေးကြူဇင် ၊ ဓာတ်ပုံ - ကိုရဲ