ရန်ကုန်  ၂၀   ဇန်နဝါရီ 

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမဆု ဖလားရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအသင်းမှ ဝန်ကြီးချုပ်ထံ ဆုဖလား အပ်နှင်းခြင်း၊ ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၁)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအသင်းအား သြဝါဒစကား ပြောကြားခြင်းကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၁ နာရီ၌ ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။

 

‌ေ

 

ရှေးဉီးစွာ ဝန်ကြီးချုပ်က သြဝါဒအမှာစကား ပြောကြားပြီး ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင်ပထမဆုဖလားရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဘောလုံးအသင်းမှ ဝန်ကြီးချုပ်ထံ ဆုဖလားအပ်နှင်းရာ ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ပြုဆုငွေများ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆန်းကျော်ဉီး (ပြန် /ဆက်)