လိုင်လင်းပီ ၂၁ ဇန်နဝါရီ
ချင်းပြည်နယ် မင်းတပ်ခရိုင် မတူပီမြို့နယ် လိုင်လင်းပီမြို့၌ လေယာဉ်ကွင်း အချိန်မီပြီးစီးနိုင်ရေး အစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက်နေ့ ည ၇ နာရီက အမှတ်(၂)ရပ်ကွက် ဦးအေဘီးနေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးကို Health & Hope ဖောင်ဒေးရှင်းမြန်မာမှ ဒေါက်တာဆာဆာမှ ဦးဆောင်ဆွေးနွေးရာ လေယာဉ်ကွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အဘက်ဘက်မှ လိုအပ်သည်များကို တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းဆွေးနွေးကြရန် ဖိတ်ခေါ်ပြီး လိုင်လင်းပီလေယာဉ်ကွင်း တာဝန်ခံ အင်ဂျင်နီယာ Mr Terry၊ ကုမ္ပဏီမှတာဝန်ရှိသူများ၊ ကျောက်ထုတ်လုပ်ရေး အဖွဲ့များနှင့် ဒေသခံပြည်သူများမှ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယင်းလေယာဉ်ကွင်းမှ Mission Aviation Fellowship (MAF) အထောက်အပံ့ဖြင့် New Asia Star that ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ မေလကုန်ပိုင်းတွင် အပြီးသတ် ဆောင်ရွက်နိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်ကြိုးစား ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)