ရန်ကုန်  ၂၁  စက်တင်ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်ခဲ့စဉ် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြသော မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အား ထောက်ပံ့ကြေးပေးအပ်ပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ကျိုက်ခေါက်ဘုရားလမ်းရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။

 

8596

   

အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကျော်မိုးကြည်(ငြိမ်း)က မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ပေးမှု အခြေအနေ တို့ကို ရှင်းလင်းပြောကြားသည်။

 

963.

 

ထို့နောက် တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး ကျော်မိုးကြည်(ငြိမ်း)နှင့် အမှုဆောင်များက ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကာ ထောက်ပံ့ကြေးရရှိသော ကိုယ်လက်အင်္ဂါစွန့်လွှတ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)