မြောင်းမြ ၂၁ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ယမန်နေ့ ညနေက ရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအား နိုင်ငံတော်အစိုးရမှထောက်ပံ့ ပေးအပ်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလစာအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးတို့နှင့်အတူ ခရိုင်လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်ခင်သန္တာတို့က ရပ်ကွက် တာဝန်ရှိသူများနှင့်အတူ အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှပေးအပ်သော အသက် ၈၅ နှစ်အထက် လူမှုရေးပင်စင်များကို မြောင်းမြခရိုင်အတွင်း၌ မြောင်းမြမြို့နယ်တွင် (၁၀၆၂)ဦး၊ အိမ်မဲမြို့နယ်တွင် (၇၈၇)ဦး၊ ဝါးခယ်မမြို့နယ်တွင် (၇၇၂)ဦး၊ စုစုပေါင်း အဘိုးအဘွား (၂၆၂၁)ဦးတို့ လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ကြေး ရရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်ဆက်