စစ်ကိုင်း ၂၁ ဇန်နဝါရီ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း "Cascade Training to Enhance Electoral Capacity " ဖွင့်ပွဲကို စစ်ကိုင်းမြို့ အောင်ထူးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးရဲထွဋ်က ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အနေဖြင့် ရှေ့ဆက်လက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သမာသမတ်ကျကျ လုပ်ကိုင် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း သင်တန်းဖွင့် အမှာ စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နောင်လတ် ဦးဆောင်၍ သင်တန်းနည်းပြ (၃)ဦးတို့နှင့်အတူ သင်တန်းဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး သင်တန်းသို့ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ သင်တန်းသား(၂၈)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလကို (၂)ရက်တာ ကျင်းပဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်ပြန်/ဆက်