မြောင်းမြ ၂၁ ဇန်နဝါရီ   

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြောင်းမြမြို့ ပညာရတနာခန်းမ၌ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြောင်းမြမြို့ပေါ်ရှိ မြို့တွင်း (ဦးဘချိုလမ်း) အဆင့်မြှင့်တင်ခြင်း (ကတ္တရာ-ကွန်ကရစ်လမ်း) ခင်းမည့် အစီအစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

693

     

အဆိုပါ ဦးဘချိုလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ လမ်းဦးစီးဌာန၊ ခရိုင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများက မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

 

မြောင်းမြမြို့တွင်း ဦးဘချိုလမ်းမကြီးမှာ အဓိက မိန်းလမ်းမကြီးဖြစ်ပြီး (၁) လမ်းမှ (၁၂) လမ်းအထိ အရှည်ပေ (၃၈၀ဝ) ကို လမ်းအကျယ် (၂၇) ဖြင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၉၀ဝ၀) ဖြင့် လမ်းဦးစီးဌာန က ၂၀၂၀ ခုနှစ် မတ်လအတွင်း စတင်ကာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်မင်း(မြောင်းမြ)