ထားဝယ် ၂၁ ဇန်နဝါရီ
အဏ္ဏဝါဒေသအပိုင်းအခြားအလိုက် နေရာသတ်မှတ်ခြင်းဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ Diamond Crown Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားပြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့ (ဒုတိယဌာနေတာဝန်ခံ) ဦးကျော်သင်းလတ်က အဏ္ဏဝါဒေသ အပိုင်းအခြားအလိုက်နေရာ သတ်မှတ်ခြင်းအကြောင်း မိတ်ဆက်ပြောကြားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးခန့်သူက ရေထုညစ်ညမ်းမှုအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်နှင့် ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေပြမြေပုံ ရေးဆွဲခြင်းအကြောင်း မိတ်ဆက်ပြော ကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်ပြန်/ဆက်