ကျိုင်းတုံ ၂၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် (၁၃)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲ ဆုပေးပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီက အဆိုပါကျောင်း ခေမရဌ် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်စမ်းစမ်းမာက အမှာစကား ပြောကြားပြီး သုတေသန ဆောင်ပုဒ်ဆုရရှိသည့် သတ္တဗေဒဌာနနှင့် သိပ္ပံဘာသာရပ်အတွက် အကောင်းဆုံး သုတေသန စာတမ်းဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်က ဝိဇ္ဇာဘာသာရပ်အတွက် အကောင်းဆုံး သုတေသန စာတမ်းဆုရရှိသူနှင့် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် စာတမ်းရှင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များမှ စာတမ်းရှင် ၈၄ ဦး တို့က ဇန်နဝါရီ ၂၀ ရက်မှ ၂၁ ရက်နေ့ထိ ဖတ်ကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)