ကလိန်အောင် ၂၂ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုလေ့လာရန် အချိန်မပေးနိုင်သည့် စာဖတ်သူများထံသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့်စာအုပ်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် အမက- ကလိန်အောင်သို့သွားရောက် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက်ရည်ရွယ်ကာ ယခင် ငှားရမ်း ပေးထား သည့်စာအုပ်များအား ပြန်လည်အပ်နှံခြင်း၊ ဖတ်ရှုလိုသည့် စာအုပ်များကို ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပြီး အလားတူကျောင်းများ ၊ရုံးဌာနများသို့လည်း အပတ်စဉ်သွားရောက် ငှားရမ်းပေး လျက်ရှိကြောင်း သိရသည်။

ကလိန်အောင်(ပြန်ဆက်)