တာချီလိတ် ၂၂  ဇန်နဝါရီ

 

တာချီလိတ်မြို့နယ် ကြက်တောင်ဆပ်ကော်မတီနှင့် ကမ္ဘာမိုး ကုမ္ပဏီလီမီတက်တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ ခုနှစ်၊ New Year Cup ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် ညပိုင်းက တာလော့ရပ်ကွက်ရှိ Happpy စားသောက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

423

 

အခမ်းအနားတွင် မြို့နယ်ကြက်တောင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမြင့်နွယ်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြင့်ပေးခဲ့ကြသည်။

 

ဆက်လက်၍ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သော ကိုမိုးဟိန်း (ကမ္ဘာမိုး ကုမ္ပဏီ လီမီတက်) ဦးစိုင်းလုံတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြင့်ခြင်းနှင့် ဆုရအားကစား သမားများအား DKSH ဆေးကုမ္ပဏီမှ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြသည်။

 

7

 

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)