တံတားဦး ၂၂ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒုတိယအကြိမ် ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ ဧက (၃၈၃၀) အနက်မှ ယာယီပုံစံ(၃) ပေးအပ်ရန်ကျန်ရှိသည့် တောင်သူ ၁၉၆ ဦး၏ ဦးပိုင်၂၄၂ခု၊ မြေဧရိယာ(၄၄၃ဒသမ၃၃)ဧကနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေဧရိယာ (၁ဒသမ၉၆) ဧကစုစုပေါင်း မြေဧရိယာ(၄၄၅ဒသမ၂၉)ဧကအား မူလတောင်သူများထံသို့ ယာယီပုံစံ(၃)ဖြင့်ပြန်လည်လွှဲပြောင်း ပေးအပ်ပွဲကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီက ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက အဖွင့်အမှာစကားပြောကြားပြီး မူလတောင်သူများထံ ပြန်လည် စွန့်လွှတ်မြေများအား ယာယီပုံစံ(၃)ဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အခမ်းအနားသို့ တံတားဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်တင်မိုး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
မောင်ပြည်သူ(မန္တလေး)