မိုးညို ၂၂ ဇန်နဝါရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ပုံမှန်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့် အသိပေး ဆွေးနွေးပွဲကို ယနေ့နံက်(၉)နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေး(စတုတ္တအကြိမ်)ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစတင်ထည့်သွင်းသွားမည့်အကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သိပေးဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းကြရာ ဒေါက်တာကျော်မိုးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ မိုးညိုမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ခင်အောင်လင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (မိုးညို)