မန္တလေး ၂၂ ဇန်နဝါရီ
မန္တလေးမြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ယဉ်ဦး၊ မန္တလေးခရိုင်ဦးစီးမှူး ဦးစောတင့်လွင်တို့မှ ကြည့်ရှုစစ်ဆေးရာ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက အဆင့်မြင့်နည်းပညာဖြင့် လူတစ်ဦးချင်းအလိုက် အိမ်ထောင်စုအလိုက် စာရင်းကောက်ယူမှု အခြေအနေများနှင့် သောက်သုံးရေထဲတွင် အီကိုလိုင်းပိုး၊ ရှိ၊ မရှိ စစ်ဆေးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဦးစီးမှူးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အောင်သာယာရပ်ကွက်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် အဖွဲ့ ၅ ဖွဲ့ခွဲကာ ဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းကို မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဇန်နဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)