ရေကြည်    ၂၃  ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ရေကြည်မြို့အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ဇန်နဝါရီလ ၂၄၊ ၂၅ ရက်နေ့များတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်မည့် ဖျော်ဖြေရေး အစီအစဉ်များကို ယမန်နေ့ မွန်းလွဲ  ၁ နာရီအချိန်က အစမ်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

 

အဆိုပါ အစမ်းလေ့ကျင့်မှုပြုလုပ်ရာသို့ တာဝန်ရှိသူများလာရောက်၍ အစမ်းလေ့ကျင့်နေမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ဖျော်ဖြေရေး အစီအစဉ်များတွင် ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ပါဝင်တင်ဆက်ကပြဖျော်ဖြေ သွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်(ရေကြည်)အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်သူဟန် ၊  (ပြန်/ဆက်)